ပိုးကြာဖြူခင်

Listing Description

၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း နှစ်ယောက်တွင် အကြီးဆုံးဖြစ်သည်။ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း၊ ဗိုလ်တထောင်တွင် ပညာသင်ကြားခဲ့သည်။ ဒဂုံတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။

၂၀၁၄ ခုနှစ်တွင် Stars & Models Int'l သင်တန်းတက်ရောက်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် MRTV-4 မှ ထုတ်လွှင့်ပြသခဲ့သော “ဝင်္ကပါစံအိမ်” ရုပ်သံဇာတ်လမ်းတွဲတွင် အောင်မင်းခန့်၊ ဆောင်းဦးမေ၊ အောင်ရေချမ်း၊ မြတ်သူတို့နှင့်အတူ ပွဲဦးထွက်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်အားပေးမှုရရှိခဲ့သည်။ ထို့နောက် မမထိပ်နှင့်အမွေစံအိမ် (၂၀၁၆)၊ ဥယျာဉ်မှူးဖြစ်ဖူးချင်သည် (၂၀၁၇)၊ မိုးကောင်းကင်အိပ်မက် (၂၀၁၈)၊ ကြယ်ကလေးရဲ့ကောင်းကင် (၂၀၁၉)၊ မာယာလှည့်ကွက် (၂၀၂၀) စသည့် ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။