နမ့်ထွမ်ချောင်းကူး (လုံးစွပ်)တံတား

Listing Description

လုံးစွပ်တံတားသည် ကချင်ပြည်နယ် ပူတာအိုမြို့သို့အဝင် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်းမိုင်တိုင်အမှတ် (၂၁၇/၀) နှင့် (၂၁၇/၁) တွင် တည်ရှိပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(၁) တံတားအထူးအဖွဲ့ (၁) မှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ တာဝန်ယူဆောက်လုပ်ခဲ့ရာ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ပြီးစီးခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။ တံတားအရှည် ၁၉၅ ပေ၊ ခန်းဖွင့်အကျယ် ၆၅ ပေ၊ ခန်းဖွင့် သုံးခန်း၊ ယာဉ်နှစ်လမ်းသွား လမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် သုံးပေ ခြောက်လက်မစီရှိကာ ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန်မှာ တန် ၆၀ ဖြစ်ပြီး တံတားတစ်စင်းလုံး၏ စီမံကိန်းတန်ဖိုးမှာ ငွေကျပ်သန်း ၉၇ဝ ဖြစ်သည်။