ထူးလိမ္မော်ခြံ

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ပွဲကောက်ရေတံခွန်၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ ပင်လိန်အလယ်ကျေးရွာတွင် တည်ရှိသော ထူးလိမ္မော်ခြံသည် ပြည်တွင်းပြည်ပ ခရီးသွားများ အလည်အပတ် လာရောက်လေ့လာလေ့ရှိသော လိမ္မော်ခြံကြီးဖြစ်ပါသည်။ ၄၁၁.၅၅ ဧက ကျယ်ဝန်းသည့် လိမ္မော်စိုက်ပျိုးရေးခြံကြီးတွင် လိမ္မော်ပင်ပေါင်း ၃၅၀၀၀ ကျော်စိုက်ပျိုးထားသည့်အပြင် ကော်ဖီ၊ နဂါးမောက်၊ မာလကာ (ယိုးဒယား)၊ ထောပတ် စသော နှစ်ရှည်ပင်များကိုလည်း စိုက်ပျိုးထားသည်။ ခြံကြီး၏ အလည်တွင် ခရီးသည်များ နားနေရန်အတွက် နှစ်ထပ်သစ်သား အဆောင်ကြီး ထည်ထည်ဝါဝါ တည်ရှိသည်။ လိမ္မော်ခြံတွင် လိမ္မော်အမျိုးအစား ၅ မျိုး စိုက်ပျိုးထားပြီး တစ်နှစ်ပတ်လုံး လိမ္မော်ထွက်ရှိသည့် ခြံတစ်ခုပင်ဖြစ်သည်။ Honey ၊ Honey 9/9 ၊ No.1 ၊ Fremont ၊ Calamondin စသည့် လိမ္မော် အမျိုးအစားများ စိုက်ပျိုးထားကြောင်း သိရသည်။ ယင်းလိမ္မော်ခြံကို ၂၀ဝ၅ ခုနှစ်တွင် စတင် အကောင်ထည်ဖော်ခဲ့ခြင်းဖြစ်ပြီး၂၀ဝ၇ ခုနှစ်တွင် လိမ္မော်ပင်များ စတင်စိုက်ပျိုးခဲ့ကာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ လိမ္မော်ခြံစိုက်ခင်းအတွင်းသို့ နေ့စဉ် နံနက် ၇ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်အတွင်း ဝင်ရောက်လေ့လာလည်ပတ်ကြည့်ရှုနိုင်ပါသည်။ လာရောက်လည်ပတ်သည့် ခရီးသွားများသည် လိမ္မော်ခြံအဝင်တွင် ဝင်ကြေးပေးဆောင်၍ ဝင်ရောက်နိုင်ပြီး ခြံအတွင်းတွင် လိမ္မော်သီးများကို ကိုယ်တိုင်ခူးဆွတ်၍ ကီလိုချိန်ဖြင့် ဝယ်ယူနိုင်ပါသည်။