ရဝမ်မနောကွင်း

Listing Description

ရဝမ်မနောကွင်းသည် ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက် ပူတာအိုမြို့နှင့် မူလာရှီးဒီကျေးရွာအကြား ကားလမ်းမနံဘေးတွင် တည်ရှိသည့် ရဝမ်တိုင်းရင်းသားတို့၏ အမျိုးသားဥယျာဉ်ဖြစ်ပါသည်။ ထိုကွင်းကြီးတွင် ရဝမ်အမျိုးသားမနောတိုင်ကြီးစိုက်ထူထားပြီး ရဝမ်အမျိုးသားတို့၏ နေ့ထူးနေ့မြတ်များတွင် အထိမ်းအမှတ်ပွဲများ ပြုလုပ်ကြပါသည်။ ရဝမ်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု ပစ္စည်းများကိုလည်း ပြသထားပါသည်။ ရဝမ်တိုင်းရင်းသားများသည် ကချင်ပြည်နယ် မြောက်ဖျားပိုင်းဒေသများ (အထူးသဖြင့် ပူတာအိုခရိုင်တွင်) အဓိက နေထိုင်သူများဖြစ်ပြီး ကချင်မျိုးနွယ်စုတွင် ဂျိန်းဖော၊ လချိတ်၊ လဝေါ် ၊ဇိုင်ဝါး၊ ရဝမ်၊ လီဆူး စသည့် မျိုးနွယ်စုများတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။