မူရှီလာတံတား

Listing Description

မူရှီလာတံတားသည် ကချင်ပြည်နယ် ပူတာအိုခရိုင် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကားလမ်း မိုင်တိုင်အမှတ် (၂၁ဝ) တွင်တည်ရှိပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(၁) တံတားအထူးအဖွဲ့ (၁) မှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ တာဝန်ယူဆောက်လုပ်ခဲ့ရာ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ပြီးစီးခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။ တံတား အရှည်မှာ ပေ ၅၇ဝ၊ ခန်းဖွင့်အကျယ် ပေ ၆ဝ ငါးခန်း၊ ပေ ၇ဝ တစ်ခန်း၊ ပေ ၁ဝဝ နှစ်ခန်း၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ (နှစ်လမ်းသွား)၊ ခွင့်ပြု အလေးချိန် ယာဉ်တစ်စီးချင်း တန် ၆ဝ နှင့် တံတားတစ်စင်းလုံး စီမံကိန်း တန်ဖိုးမှာ ငွေကျပ်သန်း ၂၇၅၆ ဒသမ ၈ သန်း ဖြစ်သည်။