ထေခိုကျေးရွာ

Listing Description

ဖရူးဆိုးမြို့နယ်တွင်ရှိသော ထေခိုကျေးရွာသည် ကယား(ကရင်နီ)လူမျိုးစုဝင်တစ်ခုဖြစ်သော ကယောမျိုးနွယ်စု၏ ရိုးရာဓလေ့ယဉ်ကျေးမှုများကို အဓိကထိန်းသိမ်းထားသည့်ကျေးရွာဖြစ်သည်။ လွိုင်ကော်မြို့နှင့် (၄၂) မိုင်ကွာဝေးသည်။ ကယောလူမျိုးများနေထိုင်သော ထေခိုကျေးရွာသည် အိမ်ခြ ၉၁ အိမ်ရှိပြီး တစ်ဝက်လောက်မှာ ကယောရိုးရာဝတ်စုံကို ရက်လုပ်နေကြသေးသည်။ ထို့အပြင် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကိုလည်း ကျေးရွာရှိပြခန်းတွင် ပြသထားသည်။ ရှေးကယောရိုးရာဝတ်စုံများကို ကိုယ်တိုင်စိုက်ပျိုးထားသော ဝါဂွမ်းများကိုသုံးပြီး ရက်လုပ်ကြသော်လည်း ယနေ့ခေတ်တွင် ထိုင်းချည်၊ တရုတ်ချည်စသော နိုင်ငံခြားဖြစ်ချည်များကို အသုံးပြု၍ ရက်လုပ်လာကြပါသည်။ ရှေးကယောဘိုးစဉ်ဘောင်ဆက်များသည် ဖားစည်ကို အထွတ်အမြတ်ထားသည့်အတွက် ဝတ်စားဆင်ယင်မှုမှာလည်း ဖားစည်၏ အငွေ့အသက်ပါလာစေရန် ယနေ့ခေတ် ကယောတိုင်းရင်းသားဝတ်စုံများကို အဆင်းနှင့်ပန်းပွားများ ရက်လုပ်ကြပြီး ပြောင်အဆင်များ ရက်လုပ်ဝတ်ဆင်လေ့မရှိကြပါ။ ကယောလူမျိုးများသည် ခြေ၊ လက်များတွင် ကြေးကွင်းများ ပတ်ထားပြီး နားရွက်တွင်လည်း နားကွင်းကြီးများ တပ်ထားကြပါသည်။ ယနေ့အချိန်တွင် ထေခိုကျေးရွာသည် ကယောလူမျိုးများ၏ ရိုးရာဓလေ့များဖြင့် ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်တစား လာရောက်လေ့လာလေ့ရှိသော ကျေးရွာအဖြစ် လူသိများထင်ရှားပါသည်။