Malikha Lodge Hotel

Listing Description

Malikha Lodge ဟိုတယ်သည် ကချင်ပြည်နယ် ပူတာအိုမြို့တောင်ဖက် မူလာရှီးဒီကျေးရွာ တွင် တည်ရှိသည့် သဘာဝတောတောင်ရေမြေအလှနှင့် လှေကားထစ်စိုက်ပျိူးထားသော စပါးခင်းများကို ကြည့်ရှုခံစားနိုင်သော ဟိုတယ်တစ်ခုဖြစ်ပါတယ်။ အဆိုပါအပန်းဖြေဟိုတယ်ကို နာမည်ကျော် ဗိသုကာ ဒီဇိုင်းပညာရှင် Jean-Michel Gathy မှ ဒီဇိုင်းရေးဆွဲခဲ့ပါသည်။ အဆောက်အဦးအားလုံးကို သစ်သား၊ ဝါးနှင့် သက်ကယ်စသည့် ဒေသထွက်ပစ္စည်းများဖြင့် တည်ဆောက်ထားပြီး အောက်ခြေတိုင်များကို အုတ်မြစ်မချဘဲ ကျောက်တုံးပေါ်ခု၍ တည်ဆောက်ထားပါသည်။ ရာသီဥတုအေးလျှင် အသုံးပြုနိုင်ရန်အတွက် သဘာဝမီးလင်းဖိုများ ပြုလုပ်ပေးထားသည်။ ပရိဘောဂများကိုလည်း သဘာဝ သစ်ပင်၊ ကြိမ်ပင်တို့ဖြင့် ပြုလုပ်ထားသည်။ ဟိုတယ်တွင် အပန်းဖြေနိုင်ရုံသာမက အပျော်ဖောင်စီးခရီးစဉ်၊ လမ်းလျှောက်ခရီးစဉ်၊ တောင်တက်ခရီး၊ စက်ဘီးခရီးစဉ်၊ သဘာဝပတ်ဝန်းကျင် လေ့လာရေးခရီးစဉ်များ စသော outdoor activities များတွင်လည်း ပါဝင်လှုပ်ရှားနိုင်ပါသည်။ Mailkha Lodge ဟိုတယ်သည် လုံခရူမာဒင်ရေခဲတောင်ပေါ်မှ စီးဆင်းလာသော မူလာချောင်း၏ ချောင်းအကွေ့တည့်တည့်တွင် တည်ဆောက်ထားပြီး လုံခရူမာဒင်ရေခဲတောင်အား ပန်းချီကားတစ်ချပ်အလား ကြည့်ရှု့ခံစားနိုင်သည့် ဟိုတယ်ဖြစ်ပါသည်။