ဆန်းလွှတ်ချက်တောင်

Listing Description

ဆန်းလွှတ်ချက်တောင်သည် ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း ပူတာအို- မချမ်းဘော-မဂွေဇ- ခေါင်လန်ဖူးကားလမ်းမပေါ်တွင် တည်ရှိပြီး အမြင့်ပေ ၇၇၀၀ ရှိကာနှစ်စဉ် ဒီဇင်ဘာလမှ မတ်လအထိ ဆီးနှင်းများဖုံးလွှမ်းလျက်ရှိပြီး ကားလမ်းမတစ်လျှောက် တစ်ပေနှင့် သုံးပေခန့်အထိ နှင်းထူထပ်စွာကျရောက်လျက်ရှိသည်။ ပူတာအိုမြို့မှ တောင်ခြေ ငါ့လုံဒမ်းဘိုတဲစခန်းအထိ ၈၆ မိုင်နှင့် ယင်းနေရာမှ တောင်ထိပ်သို့ ၇ မိုင်ရှိပြီး တောင်ခြေစခန်းတွင် တည်းခိုစရာနေရာနှင့် စားသောက်ဆိုင်များလည်းရှိရာ ပူတာအိုမြို့မှ ကား၊ ဆိုင်ကယ်များဖြင့် ၆ နာရီခန့်မောင်းလျှင် အဆင်ပြေစွာ အလွယ်တကူသွားလာနိုင်ပါသည်။