မဟာဗောဓိသိမ်တော်ကြီးဆုတောင်းပြည့်ဘုရား

Listing Description

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်း ၂၀ လမ်းနှင့် ၂၁ လမ်းကြား၊ ရွှေတချောင်း အနောက်တွင်ရှိသော တိုက်တော်ကျောင်းတိုက်အတွင်း တည်ရှိပါသည်။ မင်းတုန်းမင်းတရားကြီးသည် ဗုဒ္ဓဘုရားရှင်ပွင့်ထွန်းတော်မူရာ အိန္ဒိယရှိ မဟာဗောဓိပင်၏သစ်လုံးတော်ကို ဘုရားတစ်ဆူထုလုပ်စေကာ အတုမရှိကျောင်းတော်ကြီးတွင် ထားရှိ၍ ကိုးကွယ်ပူဇော်ခဲ့ပါသည်။ သီပေါမင်းနန်းတက်သောအခါတွင် ဘုရားဆင်းတုထုလုပ်ပြီး၍ ကျန်ရှိနေသေးသော ဗောဓိကိုင်းတော်မှ သစ်လုံးအား အရပ်တော် ငါးတောင်ရှိ ရုပ်ပွားတော်တစ်ဆူထပ်မံထုလုပ်ကာ နန်းတွင်းတွင် ပူဇော်ထားရှိပါသည်။ သီပေါမင်း ပါတော်မူပြီးသည့်နောက်တွင် တိုက်တော်ကျောင်းတိုက်မှ သံဃာတော်များက ပင့်ဆောင်၍ ကျောင်းတိုက်တွင် ထားရှိပူဇော်ကိုးကွယ်ထားကြသည်မှာ မဟာဗောဓိသိမ်တော်ကြီးဆုတောင်းပြည့်ဘုရား ဘွဲ့အမည်ဖြင့် ယခုအခါ တိုက်တော်ကျောင်းတိုက်တွင် ဖူးမြော်ကြည်ညိုနိုင်ပါသည်။