လောကပါလမယ်တော်ကြီး

Listing Description

ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် မြောက်ဘက်ဆောင်းတန်းတွင် တည်ရှိသည်။ လောကပါလမယ်တော် ဟုလည်းခေါ်တွင်ကြသည့် ယက္ခမယ်တော်ကြီးရုပ်တုကို ဘုရင်မကြီး ရှင်စောပုက ရွှေတိဂုံဘုရားအား စောင့်ရှောက်စေရန် ရည်ရွယ်၍ ထုလုပ်လှူဒါန်းခဲ့ပါသည်။ စတင်လှူဒါန်းစဉ်က ဘုရားမြောက်ဘက် ဆောင်းတန်း၌ လက်ဝဲ၊ လက်ယာ ရုပ်တုနှစ်ခုဖြစ်ပြီး နှစ်ကာလကြာမြင့်လာသောအခါ လက်ယာဘက် ရုပ်တုပျက်စီးသွားသဖြင့် ယခုအခါ လက်ဝဲဘက်ရုပ်တုသာ ကျန်ရှိပါသည်။ ယခုအခါ မယ်တော်ကြီးရုပ်တုသည် နှစ်ပေါင်း ၆၀၀ ကျော်သက်တမ်းရှိနေပြီ ဖြစ်ပါသည်။ ရုပ်တုရှေ့တွင် အုန်းပွဲ၊ ငှက်ပျောပွဲတို့ဖြင့် စည်ကားလျက်ရှိပြီး ယုံကြည်သူများအနေဖြင့် စီးပွားရေး၊ လူမှုရေးများအတွက် အဓိဌာန်ပြုဆုတောင်းလျှင် ဆုတောင်းပြည့်ဝသည်ဟု ဆိုကြပါသည်။