မြလေးပွင့်စေတီတော်

Listing Description

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တောင်ပုလုကျောင်းတိုက်အတွင်း တည်ရှိပါသည်။ ၁၉၈၁ ခုနှစ်တွင် တောင်ပုလုဆရာတော်ဘုရားကြီး၏ မိန့်ကြားချက်အရ တောင်တန်းသာသနာပြုဆရာတော် အရှင်ပညာသီရိနှင့် မင်းတပ်မြို့ရှိ တပည့်ဒါယကာ၊ ဒါယိကာများစုပေါင်း၍ စေတီတော်ကို တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတော်၏ မူလဘွဲ့အမည်ကို မြလေးငုံစေတီတော် ဟုသတ်မှတ်ခေါ်တွင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဗုဒ္ဓသာသနာတော် ပွင့်လန်းလာစေရန် ရည်ရွယ်ချက်ဖြင့် မြလေးပွင့်စေတီတော်ဟု ဘွဲ့အမည် ပြောင်းလဲခေါ်တွင်ခဲ့ပါသည်။ မြလေးပွင့်စေတီတော်အနီးတွင် တောင်တန်းသာသနာပြုဆရာတော် အရှင်ပညာသီရိ တည်ထားကိုးကွယ်ခဲ့သော ရန်မျိုးအောင်မြို့မစေတီတော်ကိုလည်း ကြည်ညိုဖွယ် ဖူးမြော်နိုင်ပါသည်။