မြစ်ငယ်၌ အေးချမ်းစွာ ဆန္ဒမဲပေး

Listing Description

မြစ်ငယ် နိုဝင်ဘာ ၉

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုင်ငံနှင့်အဝန်း ပြည်သူများ ဆန္ဒမဲပေးကြရာ မန္တလေးခရိုင် အမရပူရမြို့နယ် မြစ်ငယ်မြို့တွင်လည်း ယမန်နေ့က ဒေသခံပြည်သူများ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ စည်းကမ်းချက်နှင့်အညီ တည်ငြိမ်အေးချမ်းစွာဖြင့် ဆန္ဒမဲပေးကြကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဒေသခံ ပြည်သူများအတွက် မြစ်ငယ်မြို့တွင် မဲရုံ ငါးရုံ ထားရှိပေးခဲ့ပြီး ကြိုတင်မဲပေးပြီးသူ ၁၁၈၉ ဦးနှင့် နိုဝင်ဘာ ၈ ရက်တွင် မဲပေးရန်ရှိသူ ၅၅၅၈ ဦး ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ဆန္ဒမဲ လာရောက်ပေးကြရာ မြစ်ငယ်မြို့ အောင်ချမ်းသာ ရပ်ကွက်နေ ဒေါ်ဌေးဌေးမြင့်၏သမီး အသက် ၁၈ နှစ်ပြည့်ပြီးသူ မနှင်းရည်စိုး (မသန်စွမ်း)မှာလည်း မဲရုံအမှတ်(၃)တွင် ဆန္ဒမဲ လာရောက်ပေးခဲ့ပြီး မဲရုံတာဝန်ရှိသူများက ဆန္ဒမဲလာရောက်ပေးသူ ပြည်သူ များအား နှာခေါင်းစည်းနှင့် မျက်နှာအကာများ ပေးဝေခဲ့ကြောင်း သိရသည်။

မောင်မောင်စိုး (မြစ်ငယ်)