သပြေတန်းခံတပ်

Listing Description

သပြေတန်းခံတပ်သည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မန္တလေးစစ်ကိုင်းကားလမ်းနံဘေး အင်းဝတံတားကြီး၏ အရှေ့ဘက်ထိပ်တွင်တည်ရှိပြီး မင်းတုန်းမင်းလက်ထက် ၁၈၇၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် တည်ဆောက်ခဲ့သည်ဟု သိရသည်။ ဧရာဝတီမြစ်ကမ်းနဖူးများ၌ မြန်မာတို့၏ ခံတပ်သုံးခု (ဆင်ကျုံးခံတပ်စစ်ကိုင်းခံတပ်နှင့် သပြေတန်းခံတပ်) တို့တြိဂံအနေအထားဖြင့် တည်ဆောက်ထားရာတွင်  သပြေတန်းခံတပ်သည် ခံတပ်သုံးခုတွင် အရွယ်အစားအကြီးဆုံးနှင့် ထုထည် အကောင်းဆုံးဖြစ်ပြီး အရှေ့အနောက်ပေ ၄၀၀ ကျော် တောင်မြောက် ပေ ၃၅၀ ကျော် ကျယ်ဝန်းသည်။ ဤခံတပ်တွင် ဆင်ခြေလျှော အုတ်လမ်းများ၊ ဥမင်လိုဏ်များ၊ စစ်သည်ရဲမက်များ လက်နက်တိုက်၊ ယမ်းတိုက်များနှင့် ရေတွင်းတို့ပါရှိသည်။

အသေးစိတ်ဖတ်ရှုရန်