ဗဂျီအောင်စိုး (၁၉၂၄ - ၁၉၉၀)

Listing Description

၁၉၂၄ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ ၁၉၄၇ ခုနှစ်တွင် တာရာမဂ္ဂဇင်း၌ စတင်ပန်းချီ ရေးဆွဲခဲ့သည်။ ရန်ကုန်တက္ကသိုလ် ပညာရေး မဟာဌာန တွင် ပန်းချီကထိကအဖြစ် ခေတ္တတာဝန်ထမ်းဆောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်အင်ဂျင်နီယာ မဟာဌာနနှင့် စက်မှုတက္ကသိုလ်တွင် ၁၉၇၈ ခုနှစ်အထိ ကထိကအဖြစ် Graphic Art နှင့် History of Art ဘာသာရပ်ကို သင်ကြားပို့ချခဲ့သည်။

၁၉၅၁-ခုနှစ်မှာ အိန္ဒိယအစိုးရ အကူအညီဖြင့် အိန္ဒိယပြည် ဝိသာရဘာရတီ တက္ကသိုလ် တဂိုး ထူထောင်သော စန္တိနိကေတံ တွင် အိန္ဒိယပန်းချီနှင့် အရှေ့တိုင်းပန်းချီ ပညာ ကို တနှစ်ကြာ သွားရောက်သင်ကြားခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်ခဲ့သော ဆေးဆိုးပန်းရိုက်သင်တန်း ကျောင်းတွင် ဒီဇိုင်းနည်းပြဆရာ တာဝန်ထမ်းဆောင်ခဲ့သည်။ စာမဲ့ကဗျာ စာအုပ်နှင့် ရိုးရာမှသည် ခေတ်သစ်သို့ စာအုပ်နှစ်အုပ်ရေးသား ပြုစုခဲ့သည်။ ရှုမဝမဂ္ဂဇင်း နှင့် မဂ္ဂဇင်းပေါင်း များစွာတွင် သရုပ်ဖော်ပုံများ ရေးဆွဲခဲ့သည်။

ဝလုံးလေး ၈ လုံး ရန်ထားသည့် ဝလုံးကြီး တစ်လုံးကို သူ့လက်မှတ်တိုင်းမှာ မြင်ရပြီး ပန်းချီကို အသံထွက် အတိုင်း ဗဂျီဟု ရေးသောသူဖြစ်သည်။ သူ၏ သရုပ်ဖော်ပုံများ၊ ပန်းချီကားများတွင် လက်မှတ်ကို အောင်စိုး၊ ဗဂျီအောင်စိုး၊ အောင်ဗဂျီကိုး၊ ဦးအောင်စိုး အစရှိသဖြင့် လက်မှတ်ကို အမျိုးမျိုး ထိုးလေ့ရှိသည်။

၁၉၉၀ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်အမာ(ခေါ်) ဒေါ်သန်းကြည်နှင့် သားသမီးရှစ်ယောက် ကျန်ရစ်သည်။