တစ်ဖက်လွှဲဘုရား (ပုခက်လွှဲ)

Listing Description

တစ်ဖက်လွှဲဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊ ပုဂံနန်းတော်သစ်၏ မြောက်ဘက် ဝပ်ကျင်းဘုရားနှင့်ကပ်လျက် တည်ရှိပါသည်။ ပုခက်လွှဲဘုရားဟုလည်း ခေါ်ဆိုကြပြီး ဘုရားပုံစံမှာ ရှေးကျသော ဂူပျပ်၊ ဂူကုပ် အရှေ့မုခ်လှည့် ဂူဘုရားအမျိုးအစားဖြစ်ပါသည်။ ကျန်စစ်သားမင်း မယ်တော်က ကျန်စစ်သားအား ထိုနေရာတွင် မွေးဖွားပြီးနောက် ပုခက်လွှဲသိပ်သည့်နေရာဟုလည်း မူကွဲရှိပါသည်။ အခြားမူကွဲတစ်ခုမှာ ကျန်စစ်သားသည် သရပါတံခါး၏ မြောက်ဘက်ရှိ သရဗေတံခါးမှရုံးထွက်ပြီး ကျုံးကို ခုန်ကူးကာ ထိုဘုရားတည်ရာအရောက်၌ မိမိတိမ်းရှောင်သည့်အရပ်သို့ လှံအား လက်တစ်ဖက်လွှဲပြီး စေလွှတ်ပစ်ခဲ့ရာနေရာအထိမ်းအမှတ်အဖြစ် တည်ထားခဲ့သည်ဟု သိရပါသည်။ တစ်ဖက်လွှဲဘုရားနှင့်ကပ်လျက်တွင် ကျန်စစ်သားမင်းတည်ထားသော ဝပ်ကျင်းဘုရားရှိပါသည်။