ဓမ္မနာဒကျောင်းတိုက်

Listing Description

ကမ္ဘာသိအရှင်သူမြတ် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၏ တိပိဋကဓရအောင်မြေနှင့် တစ်သက်တာ သီးတင်းသုံးတော်မူသွားရာ နေရာဖြစ်သည့် ဓမ္မနာဒကျောင်းတိုက်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းမြို့အနောက်ဘက် ၁ မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ဤကျောင်းတိုက်ကို ၁၂၈၀ ပြည့်နှစ်တွင် သစ္စဝါဒီဋီကာ ကျမ်းပြုဆရာကြီး ဒေါ်ဓမ္မစာရီက ကျမ်းပြုအကျော်ဆရာတော် အရှင်ပညာစက္ကအား စတင်တည်ထောင် လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ ကျောင်းတိုက်အတွင်း၌ မနောမယစေတီတော်၊ မဟာဗန္ဓုလဓမ္မာရုံနှင့် မင်းကွန်းဆရာတော်ဘုရားကြီး ခန္ဓာဝန်ချတော်မူရာ မဟာဗုဒ္ဓဝင်ကျောင်းဆောင်ရှိ ပြတိုက်တို့ကို ဖူးမြော်လေ့လာနိုင်ပါသည်။ ထိုမဟာဗုဒ္ဓဝင်ကျောင်းဆောင်ရှိ ပြတိုက်၌ ဆရာတော်ဘုရားကြီး ရရှိတော်မူခဲ့သည့် ဘွဲ့တံဆိပ်တော်မူရင်းများ၊ အောင်လက်မှတ် မူရင်းများ၊ ဆရာတော်ဘုရားကြီး၏ အသုံးအဆောင်ပစ္စည်းများကို ပြသထားပါသည်။