တိလောကဂုရုလိုဏ်ဂူ

Listing Description

တိလောကဂုရုလိုဏ်ဂူမှာ စစ်ကိုင်းတောင် ပုညရှင်စေတီတော်၏ တောင်ဘက်အဆင်း စောင်းတန်း အနောက်ဘက်တွင် ကပ်လျက်တည်ရှိသည်။ တောင်စောင်းရှိ ကျောက်သားနံရံအားထွင်း၍ အပြင်ဘက်မျက်နှာကို အုတ်အင်္ဂတေများဖြင့် တည်ဆောက်ထားပြီး အတွင်းဘက်တွင် ကျောက်ကိုထွင်း၍ လိုဏ်ပြုလုပ်ထားသော ဂူပင်ဖြစ်သည်။ ဂူမှာနှစ်ဆင့်ဂူဖြစ်ပြီး အပေါ်သို့တက်ရန် လှေကားပါရှိသည်။ အတွင်းဘက်၌ စင်္ကြန်ပတ်လမ်းပြုလုပ်၍ ရဟန်းတော်များ တရားအားထုတ်သီတင်းသုံးနိုင်ရန် တည်ဆောက်ထားပြီး အပေါ်ထပ်တွင် စင်္ကြံလျှောက်လမ်းပါ ထည့်သွင်းဆောက်လုပ်ထားသည်။ ဘေးနံရံနှင့် ပေါင်းကူးနံရံတို့တွင် ဗုဒ္ဓဝင်ဇာတ်တော်ခန်း၊ ၅၅၀ နိပါတ်တော်ခန်းများကို ရေးဆွဲထားသော နံရံဆေးရေးပန်းချီများရှိသည်။