မိုးယုစံ

Listing Description

၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ရန်ကုန်တက္ကသိုလ် မှ မြန်မာစာမေဂျာဖြင့် ဘွဲ့ရရှိခဲ့သည်။

၂၀၀၇ ခုနှစ်တွင် Miss Now How၊ Miss Angel နှင့် Miss Moe Yan စသည့် အလှမယ်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Miss Favourite ၊ Miss Shwe Mingalar၊ Sone Twe၊ Miss Angel or Demon၊ Miss Now How ၊ Miss Now How Popular ၊ Miss Moe Yan ဆုများရရှိခဲ့သည်။ ထို့နောက် သရုပ်ဆောင်လောကသို့ ဝင်ရောက်လာခဲ့သည်။ လက်ရှိအချိန်ထိ ဗီဒီယိုဇာတ်ကားပေါင်း ၁၀၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ထားသည်။

၂၀၁၆ ခုနှစ်တွင် ကိုစွမ်းသူမိုးနှင့် လက်ထပ်ခဲ့သည်။