ကြည်အေး (၁၉၂၉-၂၀၁၆)

Listing Description

ကြည်အေးကို ၁၉၂၉ ဒီဇင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့ လှည်းတန်းရပ်၌ မွေးဖွားသည်။ မိဘနှစ်ပါးမှာ ဦးဟန် နှင့် ဒေါ်ငွေယုန်တို့ဖြစ်၍ ကုန်သည်လုပ်ငန်းလုပ်ကိုင်ကြသည်။ အမည်ရင်းမှာ မကြည်ကြည်တင်မြင့်(ခေါ်) ဒေါ်သောင်းကြည် ဖြစ်သည်။ တတိယတန်းတွင် ပညာသင်ကြားနေစဉ် ဒုတိယကမ္ဘာစစ် ဖြစ်၍ ကွမ်းခြံကုန်းမြို့၌ တိမ်းရှောင်နေစဉ် စစ်ပြေးလာကြသော စာပေဗိမာန်ဆရာများက လူငယ်များကို သင်တန်းပေးကြသည်။ ကြည်အေးသည် ဦးဝန်(မင်းသုဝဏ်)၏မြန်မာစာ၊ ဆရာတက်တိုး၏ အင်္ဂလိပ်စာနှင့် သတင်းစာလုပ်ငန်း၊ ဒေါ်ခခွေး၊ ဒေါ်မမကြီး၏ကမ္ဘာ့သမိုင်းစသော သင်တန်းများကို တက်ရောက်ခဲ့သည်။

စစ်ပြီးကျောင်းပြန်တက်ရောက်သောအခါ (၇) တန်းမှ စတင်သော်လည်း တစ်နှစ်ခွဲအတွင်း ၈တန်း၊ ၉တန်းနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ အောင်မြင်ခဲ့၏။ အင်္ဂလိပ်စာ ဂုဏ်ထူးနှင့် တစ်နိုင်ငံလုံးတွင် အထူးချွန်ဆုံး ၁၀ယောက်ထဲ၌ပါဝင်ခဲ့သည်။

၁၉၄၇ - မက်ထရစ်စာမေးပွဲကို မြန်မာပြည်တစ်ပြည်လုံး၌ အတော်ဆုံး ၁၀ ဦးတွင် ပါဝင်ကာ အောင်မြင်ခဲ့သည်။

၁၉၄၈ - ရန်ကုန်တက္ကသိုလ်တက်ရောက်ခဲ့။

၁၉၅၃ နှစ်မှာ အိမ်ထောင်ကျပြီး သား သမီးခြောက်ယောက်မွေးဖွားခဲ့သည်။

၁၉၆၁ - ဘီဘီစီ လန်ဒန်၌ တစ်နှစ်ခန့် လုပ်ကိုင်ခဲ့သည်။

၁၉၆၂- ၆၃ - တက္ကသိုလ် အင်္ဂလိပ်စာနည်းပြဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။

၁၉၆၅ - ၆၈ - ဆေးတက္ကသိုလ်ပြန်တတ်ခဲ့၏။

၁၉၆၈ - ၆၉ -၇၀ - MBBS အောင်မြင်သည်။ ဆေးရုံကြီးတွင် ဆရာဝန်လခမယူဘဲ လုပ်ခဲ့သည်။ ကိုယ်ပိုင် ဆေးခန်းဖွင့်သည်။

၁၉၇၁ - ၇၃ - အမေရိကန်နိုင်ငံ ချီကာဂိုမြို့၌ အလုပ်သင်ဆရာဝန်ဖြစ်လာခဲ့၏။

၁၉၇၃ - ၇၆ - နယူးယောက်မြို့မှာ စိတ်ပညာ Residency။ အမေရိက အရှေ့မြောက်မြို့များမှာ ကထိက အထူးကု ဆရာဝန်

၁၉၈၆ - ၈၈ - စင်စင်နက်တီ တက္ကသိုလ်တွင် စိတ်ရောဂါကုမှုပညာရပ်အဖွဲ့ဝင် (ဆယ်ကျော်သက်နှင့် မိသားစုစိတ်ရောဂါကုမှုပညာရပ်)

၁၉၈၈ - ၂၀၀၁ - အင်္ဂလန်သို့ပြောင်းရွှေ့၍ အစိုးရဆေးရုံ နှင့် ပုဂ္ဂလိကဆေးရုံများတွင် အတိုင်ပင်ခံ သမားတော်။

၂၀၀၁ - အငြိမ်းစားယူခဲ့ပြီး စာပေ၊ ကဗျာများ ပိုမိုရေးသားခဲ့သည်။

ဒေါ်ကြည်အေးသည် ၁၉၇၂ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာသွားခဲ့သည်။ ၁၉၈၁ ဇူလိုင်လ (၁၀) ရက် တွင် ခင်ပွန်းဖြစ်သူ ဦးတင်မြင့်ကွယ်လွန်ခဲ့သည်။ အင်္ဂလန်ပြည်တောင်ပိုင်း ကလိပ်လင်းန်ကယန်းမ်မြို့သို့ ပြောင်းရွှေ့ နေထိုင်ကာ ဆရာဝန်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်။

ကြည်အေး၏ကလောင်ခွဲတစ်ခုမှာ မမိုးသူ ဖြစ်သည်။ မမိုးသူ အမည်ဖြင့် The Working Peoples Daily တွင် ဆောင်းပါးများရေးသားခဲ့သည်။ တာရာမဂ္ဂဇင်းတွင် ကဗျာအများဆုံးရေးသားခဲ့သည်။ မဂ္ဂဇင်းကြီးများတွင် ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပုံပြင်၊ ဘာသာပြန်များရေးသားခဲ့သည်။

တာရာမဂ္ဂဇင်းတွင် ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၄၇ ခုထုတ် တာရာမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၄ ပါ ထိုည သည် ပထမ ပုံနှိပ်ဝတ္ထုတိုဖြစ်သည်။ အတွေးအရေး ဆန်းသစ်တီထွင်ရဲတင်းမှုနှင့်အတူ ဖြစ်တည်မှုပဓာနဝါဒဆန်သော စာရေးဆရာအဖြစ် ကျော်ကြားခဲ့သည်။ နွမ်းလျအိမ်ပြန်(၁၉၆၄) ၊ မောင်ကိုကိုနှင့် မြနန္ဒာ (၁၉၇၃) ၊ မေတ္တာမီးအိမ် (၁၉၈၀)၊ အပြင်ကလူ (၁၉၉၆) ၂၀၀၃ ဒုကြိမ် နှင့် ကြည်အေး၏ကဗျာများ (၁၉၉၀၊၁၉၉၂) တို့မှာ အထူးထင်ရှားသည်။

၂၀၁၆ - ဒီဇင်ဘာ ၂၈ ရက်နေ့ မနက် ခြောက်နာရီ ကျော်တွင် ကွယ်လွန် ခဲ့သည်။[၁] ကွယ်လွန်ချိန်မှာ အသက် ၈၇ နှစ်ရှိပြီဖြစ်သည်။

 

ရေးသားထုတ်ဝေခဲ့သော စာအုပ်များ

မီ ပထမအကြိမ် ၁၉၆၀ ခုနှစ် (ဒု- ၁၉၉၅)

တမ်းတတတ်သည် ပထမအကြိမ် ၁၉၆၁ ခုနှစ် (ဒု- ၁၉၉၅)

ကျွန်မပညာသည် ပထမအကြိမ် ၁၉-- ခုနှစ် (ဒု- ၂၀၀၃)

နွမ်းလျအိမ်ပြန်နှင့် ဖုန်းသက်တိုင်

မောင်ကိုကို နှင့် မြနန္ဒာ ပထမအကြိမ် ၁၉၇၃ ခုနှစ် (ဒု- ၁၉၉၃)

မေတ္တာမီးအိမ် ပထမအကြိမ် ၁၉၇- ခုနှစ် (ဒု- ၁၉၉၄)

ကြည်အေး၏ကဗျာများ ပထမအကြိမ် ၁၉၉၀ ခုနှစ် (ဒု- ၁၉၉၂)

ကြည်အေး၏ဝတ္ထုတိုများ(၁) ပထမအကြိမ် ၁၉၉၁

ကြည်အေး၏ဝတ္ထုတိုများ(၂) ပထမအကြိမ် ၁၉၉၃

ကြည်အေး၏ဝတ္ထုတိုများ(၃) ပထမအကြိမ် ၁၉၉၃

ဤမာန ပထမအကြိမ် ၁၉၉၄

ကြည်အေး၏ဝတ္ထုတိုများ(၄) ပထမအကြိမ် ၁၉၉၅

တောတောင်ရေမြေ (ဘာသာပြန်) (၁၉၉၅)

အိပ်မက်၊ အပြင်ကလူ (၁၉၉၆)

ညတစ်ည၊ စိမ်းမြညတစ်ည' (၁၉၉၇)

အိပ်မက်၊ အပြင်ကလူ(၂)အေးရဲ့ဖွင့်ဟဝန်ခံချက် (၁၉၉၇)

ဖူးငုံပွင့်သစ် (၁၉၉၈)

စိုးနှင့်ခိုင် (၂၀၀၀)

မှန်၏မှောင်ရိပ် (၂၀၀၁)

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2022-10-12 09:42:35

ရုပ်ရှင်ရိုက်ကူးသောဝတ္ထုများ

၁။ ကြည်အေး၏ ရာသီမိုး နှင့် ကိုယ့်ချစ်ဦး ဝတ္ထုတို၂ပုဒ်ကို ပေါင်းစပ်၍ ချစ်ရည်းစား.. အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့သည်။ ၂။ ကြည်အေး၏ မီ..ဝတ္ထုကို ဒါရိုက်တာ ဏကြီးက မီအဖြစ် ပိုင်ဖြိုးသုကို သရုပ်ဆောင်စေ၍ ရိုက်ကူးခဲ့သည်။ ၃။ မောင် ကိုကိုနှင့် မြနန္ဒာ..ဝတ္ထုကို ခီမောင်နှံက ရုပ်ရှင်ရိုက်ကူးရန် စီစဥ်လျှက်ရှိသည်။