ဆွေတော်မျိုးတော်များ သင်္ချိုင်း

Listing Description

မင်းတုန်းမင်းတရားကြီး၏ အနွယ်တော် ဆွေတော်မျိုးတော်များမြှုပ်နှံထားရာ သင်္ချိုင်းသည် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားအနီး မြန်အောင်ကျောင်းတိုက်ဘုန်းတော်ကြီးကျောင်း ပရဝုဏ်အတွင်းတွင် တည်ရှိပါသည်။ ထိုသင်္ချိုင်းတွင် အုတ်ဂူစုစုပေါင်း ၂၀ လုံးရှိရာ ပြည်ထဲရေးဝန်ကြီးဆာဦးသာ၏ အုတ်ဂူအပါအဝင် ဆွေတော်မျိုးတော်များ၏ အုတ်ဂူခြောက်လုံးဖြစ်ပြီး ကျန်အုတ်ဂူများသည် ပြင်ပပုဂ္ဂိုလ်များ၏အုတ်ဂူများ ဖြစ်ပါသည်။ ယင်းနေရာကို မင်းတုန်းမင်းကြီး၏ သမီးတော် မင်းတပ်ထိပ်ခေါင်တင်က အင်္ဂလိပ်လက်ထက်တွင် မြေ ၁ ဧကခွဲ ဝယ်ယူပြီး ဆွေတော်မျိုးတော်သင်္ချိုင်း တည်ဆောက်ခဲ့သည်ဟု သိရပါသည်။ အုတ်ဂူများမှာ မင်းတုန်းမင်း၏ သမီးတော်မင်းတပ်ထိပ်ခေါင်တင်၊ မင်းတုန်းမင်း၏မြေးတော် နှစ်ပါး၊ အိမ်ရှေ့မင်း၏မြေးတော်၊ ညောင်အုပ်မင်းသမီးထိပ်တင်ချို၊ မင်းတုန်းမင်း၏မြေး ညောင်အုပ်မင်းသား၏ သမီးညောင်အုပ်ထိပ်တင်စိုးတို့၏ အုတ်ဂူများဖြစ်ပါသည်။

အသေးစိတ်ဖတ်ရှုရန်