ထွန်းထွန်း

Listing Description

၁၉၈၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ တစ်ဦးတည်းသောသားဖြစ်ပြီး အမည်ရင်း ထင်အောင်ထွန်းဖြစ်သည်။ ဒဂုံတက္ကသိုလ်မှ BA (English) ဘွဲ့ရရှိခဲ့သည်။

၂၀၀၁ ခုနှစ်တွင် အနုပညာလောကထဲသို့ Examplez အဖွဲ့နှင့် စတင်ဝင်ရောက်ခဲ့သည်။ Examplez အဖွဲ့သည် ၂၀၀၁ ခုနှစ်အတွင် အယ်လ်ဘမ် ၄ ခု ထွက်ရှိခဲ့ပြီး အောင်မြင်ကျော်ကြားခဲ့သည်။ ရည်းစားလိုချင်တယ်၊ အားနာလိုက်တာ၊ ရွှေမန်းသူလေး၊ ဘာလိုသေးလဲအချစ်ရယ်၊ ယဉ်ယဉ်လေးရူး၊ မင်းကတော့ဘယ်မှာ၊ တမ်းတခြင်း၊ အမြတ်တနိုး၊ မိုးည စသည့်သီချင်းများမှာ နာမည်ကြီးခဲ့သည် တေးသီချင်းများဖြစ်သည်။ ပရိတ်သတ်များအကြား ရေပန်းစားသည့် Examplez အဖွဲ့သည် နောက်ပိုင်းတွင် သီချင်းများ မထွက်ရှိခဲ့သော်လည်း ပြန်လည်ဆုံဆည်းမှုအနေဖြင့် ၂၀၂၀ ဒီဇင်ဘာလ ၄ ရက်နေ့တွင် 20 Year of Examplez Live Show တစ်ခုကို Mizzima TV နှင့်အတူ My ID Application တို့မှ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ ထို့နောက် ထွန်းထွန်းသည် တေးရေးဆရာ၊ အဆိုတော်နှင့် ဂီတထုတ်လုပ်သူအဖြစ် လုပ်ကိုင်ခဲ့ပြီး တီဗီကြော်ငြာ၊ ပိုစတာ၊ နံရံကပ်စာရွက်များ၊ ပြက္ခဒိန်များနှင့် မဂ္ဂဇင်းများတွင် မော်ဒယ်အဖြစ် လုပ်ကိုင်ခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ထာဝရနှင်းဆီ အငြိမ့်အဖွဲ့တွင် နေတိုး ၊ မိုးမိုး၊ ရဲလေး ၊ ကျော်ကျော်ဗို တို့နှင့်အတူ ပါဝင်ကပြခဲ့သည်။ ဗီဒီယိုဇာတ်ကားပေါင်း ၁၀၀ ကျော် ရိုက်ကူးသရုပ်ဆောင်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် “အုတ်ကြားမြက်ပေါက်” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သည်။

ရုပ်ရှင်များ

ကမ္ဘာအဆုံးထိ

ချစ်စံအိမ်

အုတ်ကြားမြက်ပေါက်

ကြောက် ကြောက် ကြောက်

ခိုးဆိုးလုနှိုက်

သားပိုက်ကောင်

တိမ်တိုက်တံတား

မှော်ကျောက်စာ

ကိုယ်စောင့်နတ်

ကြာတော့သည်လည်း မောင့်စကား

သေတ္တာနံပါတ် ၈၈

နိုင်ငံကြီးသား

လေးပါးကျော့ရှိန် ဝရဇိန်

ကြောက် ကြောက် ကြောက် ၂

ပပဝတီစီရင်ခန်း

ပလေယာ

ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ

ရွှေမိုးငွေမိုး သွန်းဖြိုးလို့ရွာ (၂၀၁၆)