ဦးအောင်သိန်းလင်း

Listing Description

၁၉၄၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ဗိုလ်မှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး နောင်တွင် တပ်မ ၁၀၁ တပ်မမှူး၊ စက်မှု (၂) ဒုဝန်ကြီး စသည်ဖြင့် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ ပြောင်းလဲခဲ့သော ပါတီ၏ အသင်းဝင်တစ်ဦးလည်း ဖြစ်သည်။

တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ အရွေးကောက်ခံခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးလည်းဖြစ်သည်။ မြန်မာ့တပ်မတော်တွင် ဗိုလ်မှူးချုပ်ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မြို့တော်ဝန်အဖြစ် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။