ကာတွန်းမောင်စိန်

Listing Description

ကာတွန်းမောင်စိန် 

ကာတွန်းဦးစိန်သည် မြန်မာကာတွန်း ပညာရှင် တစ်ဦးဖြစ်သည်။ 

ကာတွန်းဦးစိန်ကို ရန်ကုန်မြို့တွင် အဖ ဦးဖိုးရန် နှင့် အမိဒေါ်လှတင်တို့မှ ၁၉၂၄-ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့တွင် မွေးဖွားသည်။ 

ဆယ်တန်းအောင်ပြီးချိန်မှ စ၍ ပန်းချီနှင့် ကာတွန်းများ စတင်ရေးဆွဲခဲ့သည်။ ပန်းချီဦးအုန်းမောင်၊ ပန်းချီဦးငွေကိုင်၊ ပန်းချီဦးဘဉာဏ် တို့ထံတွင် ပညာသင်ကြားခဲ့သည်။ 

၁၉၅၂-ခုနှစ်တွင် စာပေဗိမာန် မဂ္ဂဇင်း၊ ရှုမဝ ရုပ်စုံမဂ္ဂဇင်းတို့၌ ပန်းချီ ကာတွန်းများကို စတင်ရေးဆွဲခဲ့သည်။ ပန်းချီ ကာတွန်းနှစ်မျိုးစလုံးကို ရေးနိုင်ပြီး မဂ္ဂဇင်းကာတွန်း ရေးဆွဲရာတွင် အထူးထင်ရှားလှသည်။

၁၉၆ဝ ပြည့်နှစ်တွင် စာရေးဆရာ တက္ကသိုလ်ထင်ကြီးနှင့် ပူးပေါင်း၍ ပျူစောထီး ကာတွန်းရုပ်ရှင်ကားကို ဖန်တီးခဲ့သေးသည်။

ဘဝနိဂုံး

၁၉၉၄-ခုနှစ် မတ်လ(၆)ရက်နေ့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် (၇၀)ရှိပြီ ဖြစ်သည်။

Crd: Wikipedia