ရဲလေး

Listing Description

သရုပ်ဆောင်၊ အဆိုတော်ရဲလေးကို ၁၉၈၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း ရဲထွန်းမင်း ဖြစ်ပြီး မွေးချင်းညီအစ်ကို သုံးယောက်အနက် အလတ်ဖြစ်သည်။ အ.ထ.က (၆) ဗိုလ်တထောင် မှ ၁၀-တန်းအောင်မြင်ခဲ့ပြီး ရုက္ခဗေဒဘာသာရပ်ဖြင့် ၂၀၀၄ ခုနှစ်တွင် ကျောင်းပြီးခဲ့သည်။

ညီဝမ်းကွဲဖြစ်သူ ဘိုလေးနှင့် တွဲဖက်၍ "Adaptor" အမည်ဖြင့် သီချင်းများ စတင်သီဆိုခဲ့သည်။ Adaptor ၏ ပထမဦးဆုံး စီးရီး "ဘာလာရှုပ်" ကို ၂၀၀၂ ခုနှစ်တွင် ထုတ်ခဲ့သည်။ ထို့နောက် အခြားသူများ၏ သီချင်းခွေများအတွက် Featuring ပါဝင်သီဆိုပေးခြင်းဖြင့် လူသိများ နာမည်ရလာခဲ့သည်။ ပါဝင်သီဆိုခဲ့သော တေးအယ်လ်ဘမ်များမှာ ဘိုဘိုနှင့် လင်းပင်ဟိန်းတို့၏ တကယ့်အဖြစ်အပျက်၊ အဖွဲ့စုံ ပါဝင်သီဆိုသည့် ပေးဦးနော် ၊ ရူးအောင်ချစ်မိသူ အစရှိသော တေးစီးရီးများဖြစ်သည်။ သရုပ်ဆောင်အဖြစ်လည်း ဗွီစီဒီများနှင့် ကြော်ငြာများတွင် ပါဝင်ခဲ့သည်။ ပထမဆုံး သရုပ်ဆောင်သည့် ဗီစီဒီမှာ ဒါရိုက်တာဇော်ကိုကို ရိုက်ကူးသည့် "သက်တံ့တွေပေါ်မှာ" ဟူသည့် သီချင်းဖြစ်သည်။

အအောင်မြင်ဆုံးသီချင်းများမှာ ကိုယ်တိုင်ရေးသည့် "ထိပ်ဆုံးမှာအမေ" ၊ Bambino နှင့် တွဲဖက်သီဆိုသည့် "ပြောမထွက်ခဲ့သူ" သီချင်းများ ဖြစ်သည်။ ၂၀၀၅ အောက်တိုဘာလ (၈)ရက်နေ့တွင် "ကျွန်တော်နှင့် သက်ဆိုင်သော"   ပထမဦးဆုံး တစ်ကိုယ်တော်အယ်လ်ဘမ် ထွက်ရှိခဲ့သည်။

ပထမဦးဆုံးရုပ်ရှင်ကား နေတစ်ခြမ်း လတစ်ခြမ်း ကို ၂၀၀၅ ခုနှစ်အတွင်းတွင် ရိုက်ကူးခဲ့သည်။ နေတိုး၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ ထွန်းထွန်းတို့နှင့်အတူ ထာဝရနှင်းဆီ အငြိမ့်အဖွဲ့တွင် ပါဝင်ကပြခဲ့သည်။

၂၀၁၃ ခု၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် မအေးမြအောင်နှင့်  လက်ထပ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် သဘောထားခြင်း မတိုက်ဆိုင်တော့ဘဲ ကွာရှင်းခဲ့ကြသည်။ 

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ တကိုယ်တော် Live Show ပွဲကျင်းပခဲ့သည်။

ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ညီအကိုဖြစ်သော သရုပ်ဆောင် ဂျိုကာ နှင့်တွဲဖက်၍ အနုပညာအလုပ်များကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ 

တေးစီးရီးများ

ဘာလာရှုပ်     ၂၀၀၂  

ကျွန်တော်နှင့် သက်ဆိုင်သော         

အိမ်

တတိယကာရန်

ရကောက်ဘဝဖြင့် နေထိုင်ခြင်း

အောင်မြင်မှု ခရီးစဉ်

ရုပ်ရှင်များ

နေတစ်ခြမ်း လတစ်ခြမ်း

ဇွတ်ကျား

စပွန်ဆာ