အောင်ရေချမ်း

Listing Description

၁၉၉၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်အနက် အငယ်ဆုံးဖြစ်သည်။ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အင်းစိန်တွင် ပညာသင်ကြားခဲ့သည်။

ပထမဆုံး အနုပညာခြေလှမ်းအဖြစ် “ရသပေါ်လွင် သရုပ်ဆောင်လွင်ပြင်” ကဏ္ဍတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက် Forever Group မှ စီစဉ်သော Photogenic ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေစဉ်အတွင်း MRTV-4 Talent တွင် သရုပ်ဆောင်ဝင်ရောက် လျှောက်ထားရာ ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၄ ခုနှစ်တွင် MRTV-4 မှ ထုတ်လွင့်ပြသခဲ့သော “ထာဝရမန္တလေး” ရုပ်သံဇာတ်လမ်းတွဲတွင် အောင်မင်းခန့်၊ ခြူးလေး၊ မြတ်သူသူ တို့နှင့်အတူ ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူသိများ အောင်မြင်လာခဲ့သည်။

ထို့နောက် MRTV-4 မှပင် ထုတ်လွှင့်ပြသခဲ့သော ဝင်္ကပါစံအိမ် (၂၀၁၅)၊ ဆုံဆည်းခြင်းမိုးတိမ်များ (၂၀၁၅)၊ ပို၍လှသောမနက်ဖြန် (၂၀၁၆)၊ ပျားရည်အိုင် (၂၀၁၇)၊ ရသမော်ကွန်းလင်္ကာ (၂၀၁၈)၊ ကျွန်မကမဟေသီ (၂၀၁၈)၊ ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင် (၂၀၂၀)၊ တစစ်တမက်ကိုယ်နှင့်သက်ကို (၂၀၂၀) စသည့် ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ရုပ်ရှင်ဇာတ်ကားကြီးများအနေဖြင့် “ရိုးမပေါ်ကျတဲ့မျက်ရည်” ၊ “8 Second Silence” ၊ “မှုံ” ၊ “အဖြူရောင်သက်တံ့” တို့တွင် ပါဝင်သရုပ်ဆောင်ထားသည်။