မိဖုရားကြီးဂူဘုရား

Listing Description

မြောက်ဦးမြို့ ကိုးသောင်းပုထိုးတော်ကြီး၏အနောက်ဘက် ကိုက် ၂၀၀ ခန့်အကွာ ပေ ၅၀ ခန့်မြင့်သော တောင်ကုန်းပေါ်၌ တည်ရှိသည်။ ဘုရင်မင်းတိက္ခာ ကိုးသောင်းပုထိုးတော်ကြီးကို တည်ဆောက်နေချိန်နှင့်တစ်ပြိုင်တည်း၌ မိဖုရားကြီးစောသန္တာက ကောဇာသက္ကရာဇ် ၉၁၅ ခုနှစ် (အေဒီ ၁၅၅၃) ခုနှစ်တွင် ဤမိဖုရားကြီးဂူဘုရားကို တည်ထားခဲ့သည်။ ဂူထဲတွင် ဉာဏ်တော်အမြင့် ၁၀ ပေခွဲရှိသော ကျောက်ဆင်းတုတော်ကြီးတစ်ဆူကို ၅ ပေမြင့်သော ကျောက်ပလ္လင်နှင့်တစ်ဆက်တည်း ကျောက်တစ်လုံးတည်းကို ထုဆစ်တည်ထားရှိသည်။