မနော်ရမာစေတီတော်

Listing Description

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှ ၂၄ မိုင်ခန့်အကွာ၊ ပခန်းငယ်ကျေးရွာတွင် တည်ရှိပါသည်။ လိုဏ်တစ်ဆင့်ခံ စေတီဖြစ်ပြီး အင်းဝခေတ်နှောင်းပိုင်းတွင် တည်ထားခဲ့သည်ဟု ပညာရှင်များ ခန့်မှန်းသုံးသပ်ကြပါသည်။ စေတီတော်လိုဏ်အတွင်း နံရံများ၌ ငါးရာ့ငါးဆယ် နိပါတ်တော် ရှေးဟောင်းနံရံဆေးရေးပန်းချီများ စုံစုံလင်လင် ရေးဆွဲထားသည့်အတွက် "ဇာတ်တော်ကြီးဘုရား" ဟုလည်း ဒေသခံများ ခေါ်တွင်ကြပါသည်။