မင်္ဂလတပ်ရာစေတီ

Listing Description

မင်္ဂလတပ်ရာစေတီသည် မြောက်ဦးမြို့သို့ သင်္ဘောဖြင့်အဝင် ဒိုင်းကျီကန်နှင့် တပ်ရာချောင်းအနီးတွင် တည်ရှိသည်။ ကောဇာသက္ကရာဇ် ၈၂၁ ခုနှစ် (အေဒီ ၁၄၅၉)တွင် ဘစောဖြူမင်းက မင်္ဂလတပ်ရာ ကျောက်စေတီနှစ်ဆူကို တည်ထားခဲ့သည်။ အရှေ့ဘက်ရှိ တစ်ဆူမှာ ရေတိုက်စားသဖြင့် ကမ်းပါးပြို၍ ပျက်စီးခဲ့ပြီးဖြစ်သည်။ ကျန်တစ်ဆူကို မြို့သူမြို့သားတို့ ဝိုင်းဝန်းထိန်းသိမ်းထားရှိ၍ ကျောက်တံတိုင်း သမုတ်သိမ်တို့ဖြင့် သပ္ပါယ်လျက်ရှိသည်။