ဓမ္မသုခရွှေစည်းခုံစေတီတော်

Listing Description

ဓမ္မသုခရွှေစည်းခုံစေတီတော်သည် မိတ္ထီလာမြို့၊ ဈေးအရှေ့ပြင်ရပ်ကွက်၊ မိတ္ထီလာမြောက်ကန်ထိပ်၏ အရှေ့တောင်ထောင့်တွင် အမြင့်ပေ ၂ဝ၊ အကျယ်ပေ ၃ဝဝ ရှိ ရတနာမွန် ကုန်းတော်မြတ်ပေါ်၌ တည်ထားကိုးကွယ်ထားပါသည်။ စေတီတော်ကို ၂၀၁၅ ခုနှစ်၌ မိတ္ထီလာ(မြောက်)ကန် ပြန်လည် ပြုပြင်တူးဖော်ခြင်းအထိန်းအမှတ်အဖြစ် ထိုစဉ်က သမ္မတဦးသိန်းစိန်က မိတ္ထီလာ(မြောက်)ကန် ထိပ်တွင် ဉာဏ်တော် ၂၇ တောင်အမြင့်ရှိသော ဓမ္မသုခရွှေစည်းခုံစေတီတော်ကို ပုဂံဒေသရှိ ရွှေစည်းခုံစေတီတော်ပုံစံအတိုင်း တည်ထားကိုးကွယ်ခဲ့ပါသည်။