မဟာမြတ်မုနိဘုရား (ကျိုင်းတုံ)

Listing Description

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ မြို့လယ်ခေါင်တွင် တည်ရှိသည့် မန္တလေးရှိ မဟာမြတ်မုနိဘုရားပုံစံတူ ရုပ်ပွားတော် ဖြစ်ပါသည်။ ၁၉၂၀ ခုနှစ်တွင် ကျိုင်းတုံနယ် စော်ဘွား စဝ်ကွမ်ကျောက်အင်းတလိုင်းက တည်ထားကိုးကွယ်ခဲ့သည်။ ဘုရားကြီးအနီးတစ်ဝိုက်တွင် ရှေးဟောင်းဗိသုကာလက်ရာများဖြင့် ထင်ရှားသော ဘုန်းကြီးကျောင်းများဖြစ်သည့် ဝပ်ဟိုခုံနှင့် ဝပ်ဖကျောက်တို့သို့ သွားရောက်လေ့လာနိုင်ပါသည်။