ရှင်ပင်ကာဆီးဘုရား

Listing Description

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှ ၂၄ မိုင်ခန့်အကွာ၊ ပခန်းငယ်ကျေးရွာတွင် တည်ရှိသည်။ ပုဂံခေတ် အနော်ရထာမင်းလက်ထက်တွင် အရည်းကြီးများ ပခန်းငယ်အရပ်သို့ ထွက်ပြေးတိမ်းရှောင်နေထိုင်ခဲ့ရာ အနော်ရထာမင်းက အရည်းကြီးများ၏ အင်းအိုင်လက်ဖွဲ့များဖြင့် တိုက်ခိုက်မှုကို အဆီးအတား ဖြစ်စေရန် ဤရှင်ပင်ကာဆီးဘုရားကို တည်ထားခဲ့သည်ဟု နှုတ်ပြောရာဇဝင်များအရ သိရပါသည်။ ဂူဘုရားအမျိုးအစားဖြစ်ပြီး အုတ်များကို သပ်စီပေါင်းမိုး ဗိသုကာလက်ရာဖြင့် တည်ဆောက်ထားသည်။ လိုဏ်အတွင်း၌ ပုဂံခေတ်လက်ရာ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ဖူးမြင်နိုင်ပါသည်။