မင်းဘိသိက်ခံစေတီတော်

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ နတ်တလူသာသနာပြုစခန်းတွင် တည်ရှိပြီး ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး တည်ထားကိုးကွယ်ခဲ့ပါသည်။ မင်းဘိသိက်ခံဟူသော ဘွဲ့တော်၏ နံများကိုတွက်လျှင် ဂဏန်းစုစုပေါင်း (၁၈) ရရှိပြီး စေတီတော်၏ ဉာဏ်တော်အမြင့်မှာလည်း ၁၈ တောင်ရှိပါသည်။ သက္ကရာဇ် ၁၃၆၀ ခု၊ တန်ခူးလပြည့်နေ့တွင် အုတ်မြစ်ချမင်္ဂလာပြုလုပ်၍ ကဆုန်လပြည့်နေ့တွင် အတွင်းဌာပနာပိတ်ပွဲ ကျင်းပခဲ့ပါသည်။ သက္ကရာဇ် ၁၃၆၀ ခု၊ တပေါင်းလဆန်း ၁၄ ရက်၊ တနင်္ဂနွေနေ့တွင် ထီးတော်တင်လှူပွဲကို စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ပါသည်။