မြေထူးမြို့ဟောင်း

Listing Description

မြေထူးမြို့ဟောင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၏ အနောက်ဘက် ၈ မိုင်အကွာတွင် တည်ရှိပါသည်။ မြန်မာ့သမိုင်းတလျှောက်တွင် ထင်ရှားသော မြို့တစ်မြို့ဖြစ်ခဲ့ပါသည်။ မြေထူးမြို့ကို မဟာသက္ကရာဇ် ၄၆ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်နေ့တွင် အင်းကိုးအင်း၊ ကန်ကိုးကန်၊ ကျုံးသုံးတန်ဖြင့် စတင်တည်ထားခဲ့သည်ဟု သိရပါသည်။ ယခုအခါ မြေထူးမြို့ဟောင်းတွင် ရွှေဂူမြင့်စေတီတော်နှင့်အတူ ရှေးဟောင်းဘုရားစေတီပေါင်း ၃၀ ကျော်ကိုလည်း ဖူးမြော်နိုင်ပါသည်။ ရွှေဂူမြင့်စေတီတော်တွင် အလောင်းစည်သူမင်းကြီး လှူဒါန်းခဲ့သော စံကားသားဖြင့်ထုလုပ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကိုလည်း ဖူးမြော်နိုင်ပါသည်။