ချပ်သင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်နှင့် ကောလင်းမြို့နယ် အတွင်းတွင် တည်ရှိသည်။ အကျယ်အဝန်း ၁၀၃.၅၅ စတုရန်းမိုင် (၂၆၈.၂ စတုရန်ကီလိုမီတာ) ရှိပြီး ၁၉၄၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ မြေပြန့်အင်တိုင်းရွက်ပြတ်ခြောက်သွေ့တော အမျိုးအစားဖြစ်ပြီး သစ်ပင်မျိုးကွဲ ၁၁၁ မျိုး၊ ချုံပင်မျိုးကွဲ ၂၇ မျိုး၊ နွယ်ပင် ၄၁ မျိုး၊ ပင်ပျော့မျိုးကွဲ ၇၁ မျိုး၊ မြက်မျိုးကွဲ ၅၆ မျိုး၊ ပရဆေးပင် ၃၉ မျိုးရှိပြီး နို့တိုက်သတ္တဝါ ၁၃ မျိုးနှင့် ငှက်မျိုးစိတ် ၂၄၁ မျိုးရှိသည်။ ကြိုးဝိုင်း၏ အကျယ်ပတ်လည် ဧရိယာမှာ ၁၀၄ မိုင်၊ ကြိုးတွင်းဧရိယာမှာ ဧက ၆၆၀၀၀ ကျော်ရှိသည်။ ကြိုးဝိုင်း၏ ထိစပ်ရာနယ်မြေတို့မှာ ကန့်ဘလူမြို့နယ်အတွင်း၌ ၂၁၉၀၈ ဧကတည်ရှိပြီး ကောလင်းမြို့နယ်အတွင်း၌ ၄၄၀၉၂ ဧကရှိသည်။ အဓိကကာကွယ်တားမြစ်ထားသည်မှာ ကမ္ဘာ၌ တန်ဖိုးရှိ ရှားပါးမျိုးစိတ်ဖြစ်သော မြန်မာ့ရွှေသမင်နှင့် အခြားတောရိုင်းတိရစ္ဆာန်များ နေထိုင်ကျက်စားခိုလှုံရာ သဘာဝတောတောင် ရေမြေတို့ဖြစ်သည်။ ၂၀၁၈ ခုနှစ်မှစ၍ စနစ်တကျစာရင်းကောက်ယူရာတွင် ရွှေသမင်ကောင်ရေ ၈၀၀ ကျော်ရှိသည်။ ချပ်သင်းဘေးမဲ့တောအတွင်းတွင် နေထိုင်ကျက်စားလျက်ရှိသော မြန်မာရွှေသမင်တို့သည် သုံးမျိုးသုံးစားရှိသော ဒေသအခေါ် ရွှေသမင်၊ ဗျောက်တန်း၊ သမင်ဝက် ဟုခေါ်ကြသည်။

ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ

အင်တိုင်းတောများကို လေ့လာနိုင်ခြင်း၊

ထင်ရှားသည့် ကြေးအင်း၏ သဘာဝအလှအပများကို ခံစားနိုင်ခြင်း၊

တောရိုင်းတိရစ္ဆာန်များသုတေသနပြု ခေတ်မီနည်းစနစ်များကို လေ့လာနိုင်ခြင်း၊

ပရဆေးဘက်ဝင်အပင်နှင့် နွယ်ပင်များ အပါအဝင် ချပ်သင်း ဘေးမဲ့တော ၏ သဘာဝသမိုင်းပြတိုက်များ လေ့လာနိုင်ခြင်း၊

မြန်မာ့ရွှေသမင်များ၏ သဘာဝနေထိုင် ကျက်စားမှုကို လေ့လာနိုင်ခြင်း၊ သုတေသနပြုလုပ်နိုင်ခြင်း။