ကန့်ဘလူမြို့၌ ဂန္ဓမာပန်းစိုက်ပျိုးရောင်းချသူများ ပေါ် ဦးပေါ်ဖျား စျေးကောင်းရ၍ အဆင်ပြေ

Listing Description

ကန့်ဘလူ   နိုဝင်ဘာ   ၁၇

စစ်ကိုင်းတိုင်းဒေသကြီး      ကန့်ဘလူ မြို့၌    ဂန္ဓမာပန်း     တစ်ပိုင်တစ်နိုင်   စိုက်ပျိုးလုပ်ကိုင်ကြသူများ ပေါ်ဦးပေါ် ဖျားစျေးကောင်းရ၍ မိသားစု အပိုဝင် ငွေ ရရှိကာ    အဆင်ပြေလျက်ရှိသည်။

ဂန္ဓမာပန်းမျိုးများကို  ပြင်ဦးလွင် မှ မှာယူစိုက်ပျိုးပြီး တစ်ပင်လျှင် ငွေ ၁၂  ကျပ်ခန့်ရှိကြောင်း၊ မျိုးများအနေ ဖြင့် ရွှေဝါဝင်း၊    ရွှေစံပယ်၊    ငွေစံပယ်၊ ကျောက်စိမ်းနှင့်   ငုရွှေဝါပျိုးပင်များ စုစုပေါင်း ၁၅၀၀၀ ခန့်စိုက်ပျိုးထား ကြောင်း၊   ဇူလိုင်လက  စတင်စိုက်ပျိုး ပြီး     ယခုကာလ     ရွှေစံပယ်နှင့်  ငွေစံပယ်ပန်းသုံးခက်ပါ  တစ်စည်းလျှင် ငွေကျပ်  ၃၀၀ ရောင်းချရကြောင်း၊   ဒေသထွက်    လတ်လတ်ဆတ်ဆတ် ဖြစ်၍ တစ်ရက်လျှင် ငွေကျပ် ၂၀၀၀၀ ခန့်    ရောင်းချရကြောင်း  ကိုယ်တိုင် စိုက်ပျိုးရောင်းချသူ   အမှတ်(၃)   ညောင်အိုင်ရ ပ်ကွက်နေ           တောင်သူ ဦးလှအောင်က ပြောသည်။

ဂန္ဓမာပန်းများကို     ဂရုတစိုက် ပြုစုပျိုးထောင်စိုက်ပျိုးရပြီး      သုံးပေ အကျယ်   မြေပေါင်များပြုလုပ်ကာ      တစ်ပေါင်နှင့်တစ်ပေါင်ကြား   ကိုး လက်မခြား     စိုက်ပျိုး၍     ရေလောင်း ပေါင်းသင်ခြင်း၊     မြေဩဇာကျွေးခြင်း များဖြင့်       စနစ်တကျ    စိုက်ပျိုးထား ကြောင်း သိရသည်။

ထို့ပြင်   ငုရွှေဝါ၊     ရွှေဝါဝင်းနှင့် ကျောက်စိမ်းဂန္ဓမာပန်းများမှာလည်း  စျေးကွက်နှင့်     ချိန်ကိုက်စိုက်ပျိုးထား၍ ဒီဇင်ဘာလဆိုလျှင်    ရောင်းချနိုင်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)