ကာဘိုးဆည်

Listing Description

ကာဘိုးဆည်သည် မူးမြစ်ကိုဖြတ်၍ တည်ဆောက်ထားသော ရေလွှဲဆည် ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာအနီးတွင် ရှိသည်။ ကာဘိုးဆည်ကို ဗဟိုပြု၍ လက်ယာဘက်တွင် ရေဦးတူးမြောင်းနှင့် လက်ဝဲဘက်တွင် ရွှေဘို တူးမြောင်း တည်ဆောက်ထားသည်။  ကာဘိုး ဆည်နှင့် ရွှေဘိုတူးမြောင်းတို့ကို ၁၉ဝ၁ ခုနှစ်တွင် စတင်တည်ဆောက် ခဲ့ရာ ၁၉ဝ၅ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ၁၉ဝ၆ ခုနှစ်တွင် ရေစတင်ပေးဝေ နိုင်ခဲ့သည်။ ကာဘိုးဆည်သည် မြန်မာနိုင်ငံတွင် ဧကသုံးသိန်းကျော်အထိ ရေပေးဝေနိုင်သည့် တစ်ခုတည်းသော ရေလွှဲဆည်ဖြစ်ပြီး ဆည်၏သက်တမ်း သည် နှစ်ပေါင်း ၁ဝဝ ကျော်ရှိသည်။