မဟာဇေယျအတုလမာရဇိန်ကြေးသွန်းဘုရားကြီး

Listing Description

မဟာဇေယျအတုလမာရဇိန်ကြေးသွန်းဘုရားကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ကြားတောရလမ်းတွင် တည်ရှိသည်။ လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်အနီးတွင် တည်ရှိသည်။ မြန်မာသက္ကရာဇ် ၁၂၇၃ ခုနှစ်တွင် ဓမ္မသုခကျောင်းတိုက် ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဇာဂရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပုဇွန်တောင်မြို့နယ်နေ ဘုရားဒါယိကာမကြီး ဒေါ်အေးလှ၊ ဒေါ်အေးမြနှင့် မောင်ဖြစ်သူ ဦးသာထူးတို့မှ စတင်မတည်လှူဒါန်းငွေဖြင့် အများပြည်သူ စုပေါင်းလှူဒါန်းငွေများနှင့် သွန်းလုပ်ပူဇော်ခဲ့ရာ ၁၂၇၄ ခုနှစ်တွင် ပြီးမြောက်အောင်မြင်ခဲ့သည်ဟု သိရပါသည်။ ဗဟန်းကြားတောရကြေးသွန်းဘုရားကြီးသည် ပလ္လင်တော်အလျား ၂၂ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၅ ပေ ၃ လက်မ၊ ဉာဏ်တော်အမြင့် ၂၄ ပေ ၉ လက်မ၊ ကိုယ်လုံးတော်အလေးချိန် ၁၉၇၅၀ ပိဿာ၊ ရွှေ၊ ငွေ၊ ကြေး၊ မိုးကြိုးတို့နှင့် ပေါင်၍သွန်းလောင်းထားသည့် မျက်နှာတော်၏ အလေးချိန်မှာ ၁၂၅ ပိဿာ၊ စုစုပေါင်းအ‌လေးချိန် ၁၉၈၇၅ ပိဿာရှိပါသည်။ ဂန္ဓကုဋီတိုက်အတွင်း ဘုရားကြီး၏ ညာဘက်အနီးတွင် ရှေးခေတ်အသုံးအဆောင်ပစ္စည်းများ၊ နိုင်ငံအသီးသီးမှ ကမ္ဘာလှည့်ခရီးသွားများ လှူဒါန်းထားသော နိုင်ငံခြားငွေများကို ပြသထားပါသည်။