တိုင်တစ်ရာကျောင်းတိုက်

Listing Description

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းတွင် တည်ရှိသော မဟာဓမ္မဒီပိကာရာမ ကျောင်းတော်ရာရွှေကျင်တိုက်ကြီးအတွင်းရှိ ကျွန်းသစ်များဖြင့် တည်ဆောက်ထားသော တိုင်တစ်ရာကျောင်းဆောင်ကြီးသည် ရှေးဟောင်းကျောင်းဆောင်ကြီးဖြစ်ပါသည်။ ကျောင်းတိုက်ဝန်းထဲတွင် ကျောင်းပေါင်း ၂၀ ကျော်တည်ရှိပြီး ကျွန်းတိုင် ၁၆၄ တိုင်ဖြင့် တည်ဆောက်ထားသော တိုင်တစ်ရာသစ်သားကျောင်းဆောင်ကြီးမှာ ရှေးအကျဆုံးသော ကျောင်းတိုက်ဖြစ်ပြီး  သီပေါမင်းမှ သက္ကရာဇ် ၁၂၃၁ ခုနှစ်တွင် ပထမရွှေကျင်ဆရာတော်အား လှူဒါန်းခဲ့သည်ဟု သိရပါသည်။ လေးထောင့်ပုံစံကျောင်းတိုက်ကြီးဖြစ်ပြီး အတက်အဆင်းအုတ်လှေကားကြီး သုံးခုပါဝင်ကာ ကျောင်းတိုက်ကြီးအတွင်းတွင်လည်း ရှေးဟောင်းမီးဆိုင်းတွဲများ၊ ရှေးလက်ရာပုံစံ အသုံးအဆောင်များဖြစ်သော ဗီဒို၊ ထိုင်ခုံ၊ တံခါး၊ စားပွဲ၊ သော့ခလောက်များကိုလည်း မြင်တွေ့နိုင်ပါသည်။ နှစ်စဉ်နှစ်တိုင်း ကျောင်းဝင်းကြီးတစ်ခုလုံး၏ ကထိန်ပွဲကို ထိုတိုင်တစ်ရာကျောင်းတိုက်ကြီးတွင် ကျင်းပလေ့ရှိသည်။