အိန္ဒြာကျော်ဇင်

Listing Description

၁၉၇၇-ခု၊ ဧပြီလ ၂၄ ရက်တွင် ဦးကျော်ဇင်နှင့် ဒေါ်မြသီတာတို့မှ ရန်ကုန်မြို့တွင် မွေးသည်။ ငယ်နာမည် အူဝဲဖြစ်ပြီး မောင်နှမသုံးဦးအနက် အငယ်ဆုံး ဖြစ်သည်။ အ.ထ.က (၁)ဒဂုံတွင် ကျောင်းတက်ခဲ့ပြီး B.Sc (Chemistry) ဖြင့် ကျောင်းပြီးသည်။။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ၏ မြေး ဖြစ်သည်။ ဆရာကြီး ဒဂုန်တာရာနှင့် တူမတော်စပ်ပြီး ဟေမာနေဝင်း၊ ရာဇာနေဝင်း၊ ပိုင်ဇေရဲထွန်း တို့နှင့်လည်း မောင်နှမ ဝမ်းကွဲများဖြစ်ကြသည်။

အနုပညာလောကထဲသို့ ကြော်ငြာမော်ဒယ်တစ်ဦးအနေဖြင့် ဝင်ရောက်ခဲ့သည်။ ၁၉၉၉ ခုနှစ် တစ်နှစ်ထဲမှာပင် "အဖြူရောင်အတ္တ"၊ "ကျွန်တော်ကျွန်မတို့သည်"၊ "နှလုံးသားလျှို့ဝှက်ခန်း" စသည့် ရုပ်ရှင်ကားကြီး သုံးကားတွင် ပါဝင်ရိုက်ကူးခဲ့သည်။ 

၂၀၀၁ ခုနှစ် ပြင်သစ်နိုင်ငံ Dealnille မြို့ရှိ တတိယအကြိမ် ရုပ်ရှင်ပွဲတော်ကြီးအား မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့ရသည်။

၂၀၁၁ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနှင့် လက်ထပ်ခဲ့သည်။ သားတစ်ယောက်၊ သမီးတစ်ယောက် မွေးဖွားခဲ့သည်။

၂၀၀၄ ခုနှစ်တွင် “မျက်နှာများတဲ့ကောင်းကင်” ရုပ်ရှင်ဖြင့် လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် “ရင်ဘတ်ထဲကဓား” ရုပ်ရှင်ဖြင့်လည်းကောင်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ဖျော်ဖြေရေးကဏ္ဍဖြင့် Myanmar's Pride Award ဆုရရှိခဲ့သည်။

ရရှိခဲ့သောဆုများ

၁၉၉၆ Miss Christmas ပထမဆု
၁၉၉၆ Miss Cokkine    ပထမဆု
၂၀၀၄ အကောင်းဆုံးအမျိူးသမီးဇာတ်ဆောင်ဆု
People Choice award 2011
The most Popular Celebrity 2011
Shwe FM 3rd Anniversary Female Fashion  Awards 
၂၀၁၇ အကောင်းဆုံး အမျိူးသမီးဇာတ်ဆောင်ဆု
Pride of myanmar (entertainment)ဆု

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2023-06-24 07:56:15

၂၀၁၉အတွက်အကောင်းဆုံးအမျိုးသမီဇာတ်ဆောင်ဆုကိုပြေတီဉီးနဲ့အတူဆွတ်ခူးနိုင်ခဲ့သည်။