ကုက္ကိုင်းရေလှောင်ကန်

Listing Description

ကုက္ကိုင်းရေလှောင်ကန်သည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပုလဲလမ်းထောင့်၊ ဟာမစ်တစ်မှတ်တိုင်အနီးတွင် တည်ရှိပါသည်။ ၁၉၂၆ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး အလျား ၅၅၉ ပေနှင့် အနံ ၂၈၆ ပေကျယ်ဝန်းကာ အနက်ပေ ၂၀ ရှိပါသည်။ ကုက္ကိုင်းရေလှောင်ကန်သည် ရေကူးရေတွန်းစက်ရုံမှ သန့်စင်ပို့လွှတ်ပေးသည့် ရေဂါလန် သန်းနှစ်ဆယ်ခန့် သိုလှောင်ထိန်းသိမ်းကာ ဗဟန်း၊ ဒဂုံ၊ ကမာရွတ်၊ မရမ်းကုန်း၊ တာမွေ၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင် မြို့နယ်တို့ကို နေ့စဉ် ဖြန့်ဖြူးပေးလျက်ရှိပါသည်။ ကန်အတွင်းသို့ ၅၆ လက်မပိုက်လိုင်းများဖြင့် ရေသွင်းပြီး ရေလှောင်ကန်မှ ၂၄ နာရီ ဖွင့်ထားရသော ၄၂ လက်မ ရေပိုက်နှစ်လိုင်းနှင့် အချိန်ပိုင်းဖွင့်ရသော ၄၂ လက်မပိုက်လိုင်း တလိုင်း စုစုပေါင်း သုံးလိုင်းဖြင့် ရေပေးဝေလျက်ရှိပါသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2022-12-26 03:22:48

To Htoo

မင်္ဂလာပါ Htoo ခင်ဗျာ ယခုလို အမှားကိုပြင်ဆင်ထောက်ပြပေးသည့်အတွက် Winnetmyanmar မှ အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ

2022-12-25 09:32:51

ဗဟန်းမြို့နယ်ပါ ရန်ကင်းမြို့နယ်မဟုတ်ပါဘူး