ရှင်ပင်စာကြိုလှဘုရား

Listing Description

ရှင်ပင်စာကြိုလှဘုရားသည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ စလေမြို့အနီး တောင်အရပ် (၄) မိုင်ခန့်အကွာ ဥယျာဉ်ကျေးရွာအုပ်စုတွင် တည်ရှိပြီး နရပတိစည်သူမင်းကြီးက သက္ကရာဇ် (၅၅၄) ခု၊ အေဒီ ၁၁၉၂ ခုနှစ်တွင် ရှင်ပင်စာကြိုဘုရားကို တည်ထားခဲ့ပါသည်။ ရှင်ပင်စာကြိုလှ ဘုရားပရဝဏ်အတွင်းရှိ သာသနိကအဆောက်အအုံများနှင့် လေ့လာနိုင် သော ဌာနများမှာ–

(၁) ၁၃ ရာစု ပုဂံခေတ် နံရံဆေးရေးပန်းချီနှင့် မင်စာများ၊

(၂)ရတနာပုံခေတ် နံရံဆေးရေးပန်းချီနှင့် ပန်းတမော့ ရုပ်လုံးများ၊

(၃)ရတနာပုံခေတ်ပန်းပုလက်ရာ ရုပ်စုံ အာရုံခံ တန်ဆောင်းကြီးများ၊

(၄) စေတီပေါင်း ၄၅ ဆူ၊

(၅) ဇရပ်ပေါင်း ၁၀၈ နှင့် တန်ဆောင်းပေါင်း ၄၅၊

(၆) ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊

(၇) အခန်းတွဲပေါင်း ၁၀၄ ခန်းရှိ အနောက် ဘက် စောင်းတန်းကြီး၊

(၈) အမြင့် ခြောက်ပေ၊ ရှစ်လက်မ လုံးပတ် တစ်ပေ၊ လေးလက်မရှိ သစ်တစ်လုံးထွင်း မြန်မာပြည်ရှိ အကြီးဆုံးဆွမ်းအုပ်ကြီး၊

(၉) ယဉ်ကျေးမှုပြတိုက်သို့ ပြောင်းရွှေ့လှူဒါန်းပြီးဖြစ်သည့် နှစ်ပေါင်း ၇၀ ကျော်က မန္တလေးပန်းချီဆရာကြီး ဦးခင်မောင်၏ ပန်းချီကားမိတ္တူအချပ် ၂၀ နှင့် နံရံဆေးရေးပန်းချီကားများ၊

(၁၀) ခေါင်းလောင်းအလုံးပေါင်း ၁၆ လုံး တို့ဖြစ်ကြပါသည်။