ဦးနုနေအိမ်ပြခန်း

Listing Description

မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သော ဦးနု၏ အမှတ်တရပြခန်းသည် ရန်ကုန်မြို့၊ ဗဟန်းမြိုနယ်၊ ဆရာစံလမ်းရှိ ပြည်ထောင်စုလမ်းသွယ်၊ ခြံအမှတ် (၄၂) တွင် တည်ရှိပါသည်။ ဦးနုဝန်ကြီးချုပ်ဖြစ်လာသည့်အချိန်မှ ကွယ်လွန်သည့်အချိန်ထိနေထိုင်ခဲ့သည့် နေအိမ်တွင် ဦးနု၏ သမီးကြီးဖြစ်သူ ဒေါ်သန်းသန်းနုမှ ဖွင့်လှစ်ပြသထားပါသည်။ အဆိုပါပြခန်း၌ ဦးနု၏ ဓာတ်ပုံများ၊ အသုံးအဆောင်များ၊ ဦးနုရေးသားခဲ့သည့် စာအုပ်များ၊ လက်ရေးမူများ၊ အဝတ်အစားများ ပြသထားပါသည်။ ဦးနု၏ လွတ်လပ်ရေးအတွက် ဆောင်ရွက်ခဲ့ပုံ၊ နိုင်ငံရေးဖြတ်သန်းမှုများကို ပြခန်းသို့ လာရောက်ကြည့်ရှုခြင်းဖြင့် သိရှိနိုင်မည်ဖြစ်ပြီး ဧည့်ခန်း၊ စာကြည့်ခန်း၊ အိပ်ခန်း၊ ဘုရားခန်းဟူ၍ ပိုင်းခြားပြသထားပါသည်။ ဦးနုသည် မြန်မာ့လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်အဖြစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ ၁၉၅၆ ခုနှစ်၊ ဇွန်လ ၁၂ရက်အထိ ပထမအကြိမ်၊ ၁၉၅၇ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်မှ ၁၉၅၈ ခုနှစ် အောက်တိုဘာ ၂၈ ရက်အထိ ဒုတိယအကြိမ်နှင့် ၁၉၆၀ခုနှစ် ဧပြီ ၄ရက်မှ မတ်လ ၂ရက် အထိ တတိယအကြိမ် တာဝန်ထမ်းဆောင်ကာ ၁၉၉၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ဦးနုနေအိမ်ပြခန်းကို အများပြည်သူများ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်စေရန် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီထိ ဖွင့်လှစ်ပြသထားလျက်ရှိပါသည်။