ရှင်ပင်လာဘမံဘုရားကြီး

Listing Description

ရှင်ပင်လာဘမံဘုရားကြီးသည် မြန်မာနိုင်ငံတွင်အကြီးဆုံး မံဆင်းတုတော်ဘုရားကြီး (ဆင်းတုထုလုပ်ရာမှ ထွက်သော လွှစာသစ်စတို့နှင့် သင်္ကန်းစသည်ကို သစ်စေးသရိုးနယ်၍ ပြုလုပ်ထားသော ရုပ်ပွားတော်) ဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၂၅၀ ခရစ်သက္ကရာဇ် ၁၈၈၈ ခုနှစ်ခန့်တွင် ဧရာဝတီမြစ်ရေကြီးချိန်၌ မြစ်အတွင်းမျောပါလာသော ရုပ်ပွားတော်ကြီးအား စလေမြို့မှ ရဟန်းရှင်လူအများပြည်သူတို့သည် မြို့၏အနောက်တောင်ဘက်တွင် တည်ရှိသော အုတ်ကန်ဇလဲ့အင်းအတွင်း ဆယ်ယူထားရှိပြီး ထိုမှတစ်ဆင့် ယခုကုန်းတော်ပေါ်သို့ ဆရာတော် ဦးဗိုင် နှင့် ဆရာတော် ဦးရွှဲ ညီနောင်နှစ်ပါးဦးဆောင်၍ ရဟန်းရှင်လူတို့ ပင့်ဆောင်တည်ထားကိုးကွယ်ခဲ့ပါသည်။ ရုပ်ပွားတော်ကြီး၏ ပုံသဏ္ဍာန်မှာ ၁၃ ရာစု ပုဂံခေတ် လက်ရာဟု ခန့်မှန်းရပြီး ဉာဏ်တော် ၁၅ ပေရှိပြီး လွှစာမံအမျိုးအစား ရုပ်ပွားတော်ကြီးဖြစ်ပါသည်။