ကန့်ဘလူ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ကျန်းမာရေးနှင့်အညီ ဆန္ဒမဲပေး

Listing Description

ကန့်ဘလူ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရန် နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီမှ စတင်ကာ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေး ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ Hand Gel ဖြင့် လက်ဆေးကြောသန့်စင်စေခြင်း၊ မဲရုံအဝင်၌ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာတန်းစီ၍ မဲပေးစေသည်။ ထို့ပြင် မဲရုံပရဝဏ်အတွင်းနေရာများ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးပိုစတာ များ ချိတ်ဆွဲထားပြီး ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ ဆန္ဒမဲပေးစေခြင်းဖြစ်ကြောင်း သိရသည်။

ကန့်ဘလူမြို့ပေါ် (၅)ရပ်ကွက်၊ ဇီးကုန်းမြို့ (၆) ရပ်ကွက် နှင့်ကျေးရွာအုပ်စု ၈၆ အုပ်စု စုစုပေါင်း ရပ်ကွပ်/ကျေးရွာ အုပ်စု ၉၇ အုပ်စုရှိပြီး ဇီးကုန်းမြို့အပါအဝင် ကန့်ဘလူမြို့နယ် အတွင်း မဲရုံပေါင်း ၂၀၄ ရုံ၊ မဲဆန္ဒရှင်ပြည်သူပေါင်း ၂၃၈၀၃၉ ဦး ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)