လွိုင်မွေဆုတောင်းပြည့်ဘုရား

Listing Description

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေမြို့တွင် တည်ရှိပါသည်။ ၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် မြန်မာ၊ ထိုင်း၊ လာအို၊ တရုတ် လေးနိုင်ငံငြိမ်းချမ်းရေးအနေဖြင့် တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတော်ဘွဲ့အမည်မှာ စတုရဋ္ဌသုမင်္ဂလာစေတီတော် ဖြစ်ပါသည်။ စေတီတော်ထီးတော်တင်လှူရာတွင် ထိုင်းနိုင်ငံဘုရင့်သမီးတော် သီရိဒုံကိုယ်တိုင်လာရောက်၍ ထီးတော်တင်လှူခဲ့သည်ဟုလည်း သိရပါသည်။