လွိုင်မွေနှစ်တစ်ရာစံအိမ်

Listing Description

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၏ အရှေ့ဘက် မိုင် ၂၀ အကွာ လွိုင်မွေမြို့ရှိ နှစ်တစ်ရာစံအိမ်ကြီးသည် ၁၉၁၈ ခုနှစ်ခန့်တွင် တည်ဆောက်ခဲ့သော ကိုလိုနီခေတ်လက်ရာ အဆောက်အအုံဖြစ်ပါသည်။ လွိုင်မွေမြို့သည် ဆောင်းရာသီကာလ ကြာရှည်သော မြို့ဖြစ်ပြီး ကိုလိုနီခေတ်က ဗြိတိသျှအစိုးရအရာရှိကြီးများ နွေရာသီ အပန်းဖြေရန် ရည်ရွယ်၍ တောင်စခန်းမြို့အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လွိုင်မွေမြို့ရှိ နှစ်တစ်ရာစံအိမ်ကြီးသည် မီးခိုးခေါင်းတိုင်သုံးခုပါသော တစ်ထပ်တိုက် နှစ်ဆောင်ပြိုင် အိမ်ကြီးဖြစ်ပါသည်။ ထိုစံအိမ်ကြီးတွင် ဗိုလ်မှူးကြီး ရူဘယ် (Colonel Rubel) နေထိုင်သွားခဲ့သည်ဟု သိရပြီး အိမ်အနီးအနားရှိ မြက်ခင်းပြင်မှနေ၍ တောင်ကုန်းအောက်ရှိ လွိုင်မွေရေကန်ကိုလည်း အပေါ်စီးမှ မြင်နိုင်သော ရှုခင်းကောင်းကောင်း ပိုင်ဆိုင်ထားပါသည်။ ၂၀၀၆ ခုနှစ်တွင် ထိုစံအိမ်ကြီးအား ပြန်လည်ပြုပြင်မှုများ ပြုလုပ်ခဲ့သည်။ လွိုင်မွေမြို့တွင် ယင်းနှစ်တစ်ရာစံအိမ်ကြီးကဲ့သို့ ကိုလိုနီခေတ်လက်ရာ အကြီးအသေးအဆောက်အအုံများစွာကို တွေ့မြင်နိုင်ပါသည်။