ပါလျံတံခါး

Listing Description

သမိုင်းဝင် ပါလျံတံခါးသည် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ အမှတ် (၃) ရပ်ကွက်၊ ကျိုင်းတုံမြို့၏ အရှေ့ဘက် လွယ်မွေ(လွိုင်မွေ)သို့သွားသည့် လမ်းပေါ်တွင်တည်ရှိပါသည်။ ကျိုင်းတုံမြို့အား အုပ်ချုပ်ခဲ့သည့် စော်ဘွား စဝ်အိုက်ခွန် လက်ထက် အေဒီ ၁၃၈၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး စော်ဘွား စဝ်ဆမ် လက်ထက် အေဒီ ၁၄၁၉ နှင့် စော်ဘွား စဝ်မခန် လက်ထက်အေဒီ ၁၈၁၈ ခုနှစ်အထိ တည်ရှိခဲ့သည့်သမိုင်းဝင် အဆောက်အဦဖြစ်ပါသည်။ တံခါးအဝင်ပေါက်သည် ၁၀ပေခန့်အကျယ်ရှိကာ ပေ ၂၀ခန့် မြင့်မားကာ ထုထည်ကြီးမားပြီး ခန့်ညားသည့် ပုံသဏ္ဍာန်ရှိပါသည်။ ကျောက်အမျိုးအစားဖြင့် တည်ဆောက်ထားသော ထုထည်ကြီးမားသည့် ယင်းအဆောက်အဦးမှာ အောက်ခြေဖောင်ဒေးရှင်းချထားခြင်းမရှိဘဲ မြေပေါ်တွင် တည်ရုံအနေအထားဖြင့်သာ တည်ဆောက်ထားပါသည်။ ကျိုင်းတုံမြို့တွင် ကျုံးပတ်လည် နှင့် မြို့ရိုးတံခါး ၁၂ ပေါက်ရှိရာ ပါလျံတံခါး အပါအဝင် ရှမ်းစော်ဘွား အုပ်ချုပ်သူများ၏ ဂူဗိမာန်များ တည်ရှိပြီး မြို့လယ် မဟာမြတ်မုနိ ဗုဒ္ဓမြတ်စွာဘုရား ရုပ်ပွားတော်နှင့် သစ်တစ်ပင်တောင်၌ ရှင်သန်နေဆဲ ဖြစ်သည့် ကညင်ဖြူပင်၊ နောင်တုန် ရေကန်တို့မှာ ထင်ရှားသည့် သမိုင်း ဝင်နေရာများ ဖြစ်ပါသည်။