ဆယ်ထပ်ကြီးဘုရား

Listing Description

ဆယ်ထပ်ကြီးဘုရားသည် ပဲခူးတိုင်း အနောက်ပိုင်း ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ ရွှေဆံတော်ဘုရား အရှေ့ဘက်တွင် တည်ရှိပါသည်။ ဒွတ္တဘောင်မင်းကြီး ရွှေဆံတော်ဘုရားသို့ ဖူးမြော်ရန်လာသော အခါ ဆင်နှင့်မြင့်တို့ချည်နှောင်ထားလေ့ရှိသော ဇေယျပထဝီအောင်မြေကုန်းတွင် မင်းကြီးနတ်ရွာစံသောအခါ သားတော်နှစ်ပါးဖြစ်သော ရဟန်းနာအရှင်စန္ဒာသိရီနှင့် အရှင်စန္ဒာဂရာဇာတို့မှ  ဆင်ချည်တိုင်နှင့် မြင်းချည်တိုင်စေတီ နှစ်ဆူကို တည်ထားသည်ဟု ယုံကြည်ကြပါသည်။ ၁၂၈၀ ပြည့်နှစ်တွင် မူလဆင်ချည်တိုင်နှင့် မြင်းချည်တိုင်စေတီနှစ်ဆူမှ ဓာတ်တော်များနှင့် လက်ဝတ်ရတနာများကို ဌာပနာ၍ ၁၂၉၀ ပြည့်နှစ်တွင် ပြီးစီးအောင်မြင်ခဲ့ပြီး ၁၀ နှစ်တိုင်တိုင် တည်ထားခဲ့ရသဖြင့် ၁၀ ထပ်ဘုရားကြီးဟု ဘွဲ့အမည်တွင်ခဲ့ပါသည်။ ဉာဏ်တော်အမြင့်မှာ ၇၃ တောင် ၇ လက်မ ( ၁၁၀ ပေ ၁ လက်မ) ဖြစ်ပါသည်။