လွိုင်မွေ သဘာဝထိန်းသိမ်းရေးနယ်မြေ

Listing Description

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေမြို့အနီးတွင် တည်ရှိသည်။ ၁၉၉၆ ခုနှစ်တွင် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီး ၄၂.၈၄ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ခြောက်သွေ့တောင်ပေါ်တောအမျိုးအစားဖြစ်၍ သဘာဝထိန်းသိမ်းရေးနယ်မြေ၏ ၈၀ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားပြီး ကျန် ၂၀ ရာခိုင်နှုန်းမှာ တောင်ပေါ်ထင်းရှူးတော အမျိုးအစား ဖြစ်သည်။ လွိုင်မွေသည် ကိုလိုနီခေတ်က ဗြိတိသျှအစိုးရအရာရှိများ နွေရာသီအပန်းဖြေနိုင်ရန် ရည်ရွယ်၍ တောင်စခန်းမြို့အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကိုလိုနီခေတ်လက်ရာ အဆောက်အအုံများရှိပြီး ယခုအခါ အသစ်တဖန် ပြန်လည်မွမ်းမံထားသည်။ တောင်ပေါ်ရှုခင်းများ ကြည့်ရှုရန်ကောင်းမွန်ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ ပတ်ဝန်းကျင်တွင် အင်း၊ ဝ၊ ပလောင်လူမျိုးများ နေထိုင်ကြရာ ထိုလူမျိုးများ၏ လူနေမှုဘဝစရိုက်များကိုလည်း လေ့လာနိုင်သည်။