လောပိတရေတံခွန်

Listing Description

လောပိတရေတံခွန်သည် မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် တည်ရှိပါသည်။ ရှမ်းပြည်နယ် အင်းလေးကန်မှ စီးဆင်းလာသောရေသည် ဖယ်ခုံမြို့ရှိ ဖယ်ခုံအင်းမှတစ်ဆင့် ဘီလူးချောင်းအဖြစ်ဆက်စီးဆင်းရာ လွိုင်ကော်မြို့မှ ၇ မိုင်ခန့်ဝေးကွာသော မထောကူအရပ်တွင် ရေနိမ့် မြေနိမ့် ၅ မိုင်ခန့်အတွင်း ပေ ၂၅ဝ ခန့်နိမ့်ကျသွား၍၊ မထောကူ ရေတံခွန်ကို ဖြစ်ပေါ်စေပါသည်။ ထို့မှတဆင့် ၄ မိုင်အတွင်း ပေပေါင်း ၁၄၅ဝ အထိ နိမ့်ကျသွားကာ ဖြစ်ပေါ်လျက်ရှိနေသော ရေတံခွန်ကို လောပိတရေတံခွန်ဟု ခေါ်ပါသည်။ ယခုအခါ ပြည်တွင်းခရီးသွားများ လောပိတ ရေတံခွန်နှင့် လောပိတလျှပ်စစ်ဓါတ်အားပေးစက်ရုံသို့ သွားရောက်လည်ပတ်နိုင်ပြီဖြစ်သည်။ လောပိတရေတံခွန်သည် ကယားပြည်နယ်၏ အလှအပတစ်ပါးဖြစ်သည်နှင့်အညီ လျှပ်စစ်ဓါတ်အားပေးစက်ရုံကိုလည်း အများပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးထားသည်။ လောပိတသို့ လည်ပတ်လိုပါက လွိုင်ကော်မြို့တွင် လည်ပတ်ခွင့် ကြိုတင်ယူရသည်။ သို့သော် လုံခြုံရေးအတွက် အရေးကြီးသော နေ့များတွင်မှု စက်ရုံသို့သွားလာခွင့် မပြုပါ။